ဝေးကွာခြင်းဆိုတဲ့
သက်တမ်းတလျှောက်
အိပ်မက်အပဲ့ တခြမ်းနဲ့
အသက်ဆက်လာရတာ
ကြာတော့လည်း x x x x
လွမ်းတတ်ခြင်းမှာ
တဖက်ကမ်း ခပ်ခဲ့ ပြီ

အလွမ်းတခု ဖြစ်တည်တိုင်း
ငါ့ ရင်ဘတ်သစ်ပင်မှာ
ပန်းတပွင့် ပွင့်ခဲ့ရင်
ဒီ လောကတခုလုံး
ပန်းပွင့် လွမ်းသံတွေ
ညံ နေတော့မှာ

ပျက်စီးခြင်းသက်သက်ကိုသာ
ဖန်တီးတတ် တယ်လို့
နာကြည်းချက် နဲ့လည်း
မဆိုချင် x x x x
စိမ်းရောင်သန်းရုံကတည်းက
လွမ်းတတ် ခဲ့တာ
မနက်ဖြန်များစွာ လည်း
ရှည်ကြာခဲ့ ပြီ

အပြုံးတု တခုအတွက်
အခါခါ x x x x
ကျဆုံးဖူးတဲ့
ငါ့ နှလုံးသွေးကို ဖောက်လို့သာ
သစ္စာ ပြုချင်တယ်

' အလွမ်းတွေ ပန်းဖြစ်စေသတည်း '