ငါက x x x
နာကျင်ခြင်းတွေကို
အဆက်မပျက်
ထုတ်လုပ်နိုင်တဲ့
စက်ရုပ် လိုလူ
ငါက x x x
အရာမထင်ခြင်းတွေကို
အမြဲတမ်းရိုက်သွင်း
ခံနိုင်ရည်မဲ့
ကျရှုံးစေခဲ့ သူ
ငါက x x x
ပြောင်းလဲ ခြင်းကို
ခုံမင်
ရင်ခွင်ကူးတဲ့
ငှက်ဆိုတာကို ယုံ
ငါက x x x
အဆိပ်သင့်တဲ့
လက်တစုံကို
ဝေ့ယမ်း နှလုံးသားကို
လောင်ကျွမ်းစေသူ
ငါက x x x
အလွမ်းပင်သာ
ပျိုးး တတ်
အနမ်းခက်တွေကို
ခိုးယူ ခူးဆွတ်သူ
ငါက x x x
အထီးကျန်ခြင်း
နဲ့ သာ ထိုက်တန်
အဖန် ဖန်
မိုက်ခဲ့သူ
ငါက x x x
ပြင်မရ တဲ့
အမှားကိုမှ ကြိုက်
ဒီလောကမှာ
နေဖို့ မထိုက် တဲ့
x x လူ x x
Welcome Back !!!!
4 days ago
4 comments:
လူဖြစ်လာပြီး မှတော့ လူပီသအောင်နေရမှာပေါ့
ဘာလို့ လောကမှာနေဖို့မထိုက်ဘူးလို့ရေးရတာလဲ..
မောင်လေးကလဲ ညီမလေး အနှိုင်းမဲ့ လိုပဲ..အသည်းကွဲကဗျာတွေ ဆက်တိုက်ထွက်လာတယ်...။ သူငယ်ချင်းတွေ ခံစားချက်တော်တော်ပြင်းနေကြတယ်နော်...။
ခင်မင်စွာဖြင့်
မိုးငွေ့
ဒီလောကမှာ နေဖို့ မထိုက် တဲ့..အဲဒါဆိုလဲ... အဟိ..ဒီလောက်ဆို သဘောပေါက်..ဟီး
အလွမ်းတွေနော် ....
Post a Comment