မိ ကြေးမှုံ . . . .

ဒါတွေပာာ အိပ်မက်ဆိုရင်တောင်
ထပ်မမက် ချင်ဘူး
နာကျင်ခြင်း အပိုင်းအစတွေ
ရိုက်ခတ် . . . .
ငါ့ နှလုံးသား ငါ
သတ် ပစ်လိုက်ချင်ပြီ

အိပ်ပျက်ညတွေဆက်
သောက် စိတ်ဓါတ်ကလည်း
ခေါက် ပစ်ထားစမ်းပါ
ပြောလည်း မရ . . .
ငါ သိပ်မက်မောတဲ့ အရာက
နင့် နားမှာနေရတဲ့ ခဏလေ

မိ ကြေးမှုံ

နင့် အတွက် ငါက
သိပ်ခက်တဲ့ ပုစ္ဆာမှ
မပာုတ်ခဲ့ပဲ
နင် လိုချင် စိတ်တိုင်းကျ
ငါ ပေးဆပ်ခဲ့တာတွေက
အတွေး သက်သက်ရယ်လို့
နင့် ပါးစပ်က ပြောရဲလား

နင့် သဘောပဲ ပာာ
ငါ ဆိုတဲ့ကောင်က
အပြစ်ပေါတယ် ဆိုလဲ
ထားခဲ့ လိုက်တော့
နင့် သဘောပဲ

ဒါပေမယ့် . . .

မိ ကြေးမှုံ ရယ် . . . . .

နင့်နဲ့သာ ပြန်မဆုံရရင်
ဒီခရီး ဒီလမ်းမှာ
မတ်မတ် ရပ်နိုင်မယ်လို့တော့

ငါ. . .

မယုံရဲသေးဘူး ...............................

3 comments:

ရပ်နိုင်မှာပါဗျာ ... :P

အမယ်..ပေါက်ကွဲကဗျာလေးပါလား...

အလဲ့....မောင်ညတို့က သူများတကာအိမ်လည်ပြီး အားပေးတတ်တယ်ပေါ့..
ကိုယ့်ကိုယ်ကိုရော သေချာရပ်နိုင်ရဲ့လားဗျို့....။
အဟဲ....နေညှိပေါက်ကွဲသံစဉ်ကို လာနားထောင်ရင်း ...

ခင်မင်စွာဖြင့်
မိုးငွေ့

Post a Comment