သေချာပြန်ရှာကြည့်တာလေ
ဘာများကျန်ခဲ့လဲလို့
အချစ်တခု ရဲ့နောက်မှာ
ဒဏ်ရာ သက်သက်အပြင်
ငါ ဘာတွေများး
ပိုရခဲ့သလဲလို့ပါ

သံယောဇဉ်
အကပ်အသပ်လေးများ
ကျန်နေမလား လို့
မျှော်လင့်မိတာကိုက
ငါ့ အမှား

အပျက်ပျက်နဲ့
နှာခေါင်းသွေးးထွက်ခဲ့တာမှ
မ ပာုတ်ခဲ့ပဲ
နင်ကိုယ်တိုင် နင်းခြေခဲ့လို့
ပျက်စီးးသွားတဲ့
အိပ်မက် တစုံလေ

ပြန်မရနိုင်တော့တာကို
တမ်းးတမိ တာ
အပြစ် လို့ဆိုချင်ဆို
ငါ ရင်ဘတ်က
ဒဏ်ရာက
အခါ တရာမက
ချုပ်ရိုးအထပ်ထပ်နဲ့
စုတ်ပြတ်နေခဲ့တာတော့
သေချာတယ်

နှလုံးသားတခုလုံး
ဘယ်လောက်ပဲအသက်မဲ့ပါစေ
သေချာတယ်
ငါက တော့
ပြန် အသက်ဆက်ပြီးး
နေခဲ့ ကြေကွဲနေအုံးမှာ

မှုံဝါးနေခဲ့ပါပြီလေ
ဒါပေမယ့် - - -
အတိတ်ခြေရာအောက်မှာ
နင့်ကိုနမ်းမိတဲ့
ငါ့ နူတ်ခမ်းမှာ အခုထိ
အလွမ်းတွေ - - -
စွဲနေတုန်းပဲ ပာာာ . . . .

6 comments:

အမှန်အတိုင်းပြောရရင် အောက်ဆုံး နှစ်ပိုဒ်ကလွဲလို့ သိပ်အားမရဘူး... ကြည့်ရတာ ... ခုတလော.. မုဒ်မ၀င်သေးဘူးနဲ့ တူတယ်... :)

အပဲာ . . .အဲ့ဒါတော့အမှန်ပဲ အမစိမ်းရေ . .

စိတ်နဲ့ ကိုယ်နဲ့ မကပ်တာကြာပြီ .........

ဖတ်သွားတယ် ညီရေ .....
ကဗျာတိုင်းမကောင်းပေမယ့် ... ခံစားချက်တိုင်းကောင်းပါတယ် ..
အားပေးနေတယ်ကွာ .... :D

i can't give comment with my laptop. so i borrow my friend's to use. :)
i like your poem.pls carry on . :)

ကဗျာလေးက ခံစားမှုတွေနဲ့ အသက်ဝင်နေတယ်
သိပ်ကောင်းတာပဲ
ခင်မင်လျှက်
ရန်ကုန်သား :D

နမ်းမိတဲ့ အနမ်းတခုအတွက် စွဲနေတုန်းပဲ ဆိုတော့... ဘယ်လိုအနမ်းများပါ လိမ့်...။ အချစ်ကြီးတော့လဲ ဘယ်အရာဖြစ်ဖြစ် လွမ်းတတ်နေပြီပေါ့လေ...။

Post a Comment