Aug
26

နေ့ရက်တွေ
တရက်ပြီးတရက်
- - - . . .

ဖြတ်သန်းးခြင်းပါ
ဘ၀က တိုတယ်လို့
ဆိုချင် ဆို

လူ့ အနတ္တ တွေပဲ
ဘာလို့ များး
သေကောင်ပေါင်းးလဲ
ဘယ်သူတွေ
ဘာများရသွားကြလို့လဲ
ကိုယ့်တရားးနဲ့ကိုယ်
အရေးးအသားးတော့
မမှားစေနဲ့ပေါ့

အတ္တ မာန
မျက်ဝန်းတဖက်သာ
အသုံးပြု နေကြတာ

ဘယ်သူတွေ မှားမှားပါ
သေရာပါ အလွဲတွေနဲ့
တစ်ဘ၀လုံးကို
စားသုံးးကြတာပေါ့

မင်းမမှားသလို
ငါလည်းး
မမှန်ဘူးး သူငယ်ချင်းးရယ်

ငါ့ ရဲ့သောကရပ်ဝန်းးမှာလည်းး
မိုးတွေ သဲနေတယ် - - - . . .

Aug
23

ခိုညည်းးသံလောက်မှ
- - -မသာယာတဲ့
စကားးလုံးတွေနဲ့
ငါ့ ရင်ခွင် မှာ
ခဏ ခဏ - - -
ခို ပြီးး ပြန်တယ်

မကြိုဆို ပေမယ့်
မနှင်လိုတဲ့ ငါ့ကို
သိပ် ပိုပြီး ကြံစရာ
မလိုပါဘူးး - - -
ဒီတိုင်းလည်း ငါ့ဘ၀က
ပြိုပြီးး ကျန်ခဲ့မှာပါ

အပျင်းးပြေ - - -
ပျော်တော်ဆက် ဖို့
နင် လိုတဲ့ အချိန်ကလွဲရင်
ငါ ဆိုတဲ့ ကောင်က
မင်း အတွက် အမြဲ - - -
လူပိုကြီးး ဆန်တယ်

ဒီတခါ တော့ - - -
မာယာချို ကြီးတွေ
ပန် ပြီးး ငါ့ဘ၀ ထဲ
ငို ပြီးး ပြန်မချွဲ နဲ့
နင့် မြင်ရင် ငါ
ပို ပြီးး အော်ဂလီဆန်တယ်

ဆားငန်ရေတစက်ကိုမှ
သိပ်မက် မိတဲ့
နှလုံးးသား ပြစ်ဒဏ်ကို
ငါလည်းး
- - - ဒီတသက်
ရင်ကော့ပြီးး ခံရမှာပဲ

ငါဘ၀ရဲ့ - - -
ဒဏ်ရာ နက်နက် တွေ
ပြန် မကျက်ခဲ့ရင်တောင်မှ

ရင်ခွင် အကူးကောင်းတဲ့
မင်းး တယောက်
- - - အဖော်မဲ့
တစ် ဘ၀လုံးစာ
ငို ပြီးး ပြန်ခဲ့ရမယ့်
နေ့ ရက်တွေ မရှိစေဖို့
ငါ တယောက်ထဲ
ဆုတောင်း ပြီးး ကျန်ခဲ့မယ်

- - - - - - - - - -

Aug
23

ဒီညက - - -
ဘာမှ တုပမရခဲ့
ငါ့ဘ၀မှာ ငါ့အတ္တနဲ့
သေခန်းးဖြတ်တဲ့
အသုဘ ည . . . .

ဒီညက - - -
ဘယ်သူမှ မပြိုင်ပဲ
ငါ့ကိုယ်ငါ မုန်းး
ငါ အမြဲရှုံးတဲ့
လူ့ ငတုံးးရဲ့ ည . . . .

ဒီညက - - -
ငါ့ရင်ဘတ် ကွဲ
ငါ့ အသဲခွေးးဆွဲ
မာန မီးမြိုက်ခံရတဲ့
လူ့ ငမိုက်ရဲ့ ည . . . .


အခု ညက - - -
ငါ့ အတိတ် ငါမေ့
ငါ့ စိတ် ငါ မတွေ့တော့လို့
ဆုတောင်းး ရင်းးး မော
ငါ တကောင်ထဲ
အမှောင်ထဲ မျောရတဲ့
ငါ့ ဘ၀ရဲ့ . . . .
. . အ သု ဘ . . ည . . .


( ငါ တယောက်ထဲ
မျက်ရည် ရစ်ပဲ
ကြေကွဲ ရလည်းး
ကြည်လင်သန့်ရှင်းတဲ့
မင်းးနှလုံးသားး မှာ
အမှန်းး မများးစေဖို့
ငါ ၏ အပြုံးး များသာ
. . . ယူ .... . . . . )

Aug
23

လူမသိသူမသိ ဘ၀တွေ
အပူမရှိ ငါဘယ်သူမှန်းလဲ
. . . .မတွေးးတတ်လို့
. . . . . မသိကြသေးးဘူးး
မကောင်းးမှုဒုစရိုက်မပြောနဲ့
အကုသိုလ် အမှိုက်တစတောင်
. . . . မကပ်ငြိသေးးတဲ့ . . . .
အမှောင် အောက်က
. . . . ရင်ငွေ့ပျောက်ကြသူတွေ

ဒီလို တခြမ်းပဲ့ဘ၀နဲ့
. . . လူဖြစ်ကြကြေးးဆိုရင်
ဘယ်သူကများး . . .
- - - အစကတည်း က
ဖူးပွင့် ချင်ပါ့မလဲ လေ
သူတို့ လေးး တွေ . . . . . .
အတွေးနက်နက်
. . . .တွေးးနိုင်တဲ့တနေ့
ခံစားချက် အထပ်ထပ် နဲ့ . . . .
ဆူးချက်တွေ နက်လာတော့မှာ

ဘ၀မှာ လူဖြစ်တာခြင်းး အတူတူ
အပြစ်မဲ့ . . . ကြေကွဲစရာ
- - - ရင်ငွေ့ငတ်နေကြသူတွေအတွက်
ကံကြမ္မာ ကိုသာ အပြစ်ဖို့
အမုန်းရန်ဖွဲ့ . . . . .
- - - - - - - - -
- - - - - ချန်ထားးရစ်မလို့လားး . . . . . . .

ပြန်အသစ်မရနိုင်တော့ပေမယ့်
ကံ ပစ်ချခဲ့တဲ့ ဘ၀တွေကို
ယုံကြည်ချက် အလင်းးနဲ့
- - - - အသက်သွင်းးး
လက်ချင်းဆက်လို့ - - -
- - - - - - - - - - - - -
- - - - ကမ်းချင်သေးး တယ် - - - -

Aug
23

ငါ့ မျက်လုံးးထဲ က
. . . မီးးတောက်တွေ
ငါ့ ကိုပြန်ဝါးးမျို

အကြင်နာမဲ့မျက်ဝန်းးနဲ့
ခေါင်းးခါပြတဲ့ လူတချို့

အရေးးပေါ်ခန်းးထဲက
သွေးးညှီနံ့ တချို့

ငါ့ ကိုလွှမ်းးခြုံထားးတဲ့
ပိတ်ဖြူစ နဲ့
အော်ငိုသံ တချို့

အဲဒီ တချို့(တချို့) ကြားးကနေ
ငါ့ ကိုယ် ငါ့လည်းး - - - -

- - - ပျောက်ဆုံးး ခဲ့ ပေါ့ . . . . . . . .. . . . . . . . .

Aug
23

သို့
- - - -
. . . . . ချစ်သူ

. . . . . မင်းးကိုမြင်တိုင်း - - -
. . . . . - - - ငါ့နူတ်ခမ်းးတစုံနဲ့အတူ
. . . . . နှလုံးးသားးကပါ - - -
. . . . . - - - လိုက်လို့ပြုံးတတ်တာ
. . . . . ရင်ခုန်သံနူန်း - - -
. . . . . - - - တချက် တချက် က
. . . . . ဒီ ကမ္ဘာမြေပါ - - -
. . . . . ပြိုကျလောက်အောင် ခုန်
. . . . . အသိရခက်တဲ့ - - -
. . . . . - - - ကံကြမ္မာ ကို
. . . . . တွန်းလှန်ဖို့ က
. . . . . စိတ်ကူးယဉ်အိပ်မက်ရုံနဲ့တော့
. . . . . - - - မပြည့်စုံနိုင်ဘူးးပေါ့
. . . . . ဒါပေမယ့် - - -
. . . . . မင်း နဲ့ အတွေးထဲ မှာ - - -
. . . . . - - - တခဏတာ
. . . . . နီးခွင့် ရရုံ နဲ့တင်
. . . . . - - - ဒီ တသက်စာ ခရီးကို
. . . . . တစက် မှ - - -
. . . . . ငါ မညည်းဘူးးဆိုတာ ယုံ
. . . . . ချစ်သူရေ - - -
. . . . . ငါ့ ရင်ဘတ်လမ်းး ထဲကို
. . . . . - - - အပြုံးတခက်နဲ့ မင်း
. . . . . လှမ်းခဲ့ဖို့ တော့ - - -
. . . . . - - - - - - - - - - လိုမယ်

PS : ( ကတိတွေကို အထပ်ထပ်ပေးးရင်း
. . . . ငါ့ အသက်နဲ့ခန္ဓာ မပြတ်လပ်သေးသရျွ်
. . . . ချစ်ရတဲ့သူ မင်းး အတွက် - - -
. . . . ငါ က - - -
. . . . အနမ်းးများစွားနဲ့ အတူ - - - - - - - - - - )

Aug
23

. . .ဆယ်ခါပြန်မက်တဲ့
အိပ်မက်ထဲ က
အမှိုက်တစ်စ . .ကို . .
မဖယ်ရှားနိုင်သေးးလို့
ငါ့ စိတ်ကူးယဉ် လိပ်ပြာ
အတောင် ကို.........
ငါကိုယ်တိုင် . . ချိုး ခဲ့တယ်. . .
သိပ်ကို မြင့်မားလွန်း . . တဲ့
စကားးလုံးတွေ နဲ့
တိုက် ခိုက် . . . . .
အပြုံး အတု တစ်ခုရဲ့
နောက် ကွယ် က . . . . .
အသေကောင် ဆန်တဲ့ . .
.... . . မျက်နှာ နဲ့ . . .
ခံစားချက်က ဗလာ
. . . သေချာတယ်
မင်းက . . . ..........
အသည်းနှလုံးး မရှိတဲ့ သူ .........
ကောင်းးကင် မျက်လုံးတွေနဲ့သာ
ကြည့် တတ်တဲ့ မင်းအနားးးးးးး
နေခွင့် မရှိသူ . . . . .
ငါ က လေ . . . . . ...
. . ....မြေကြီးနဲ့ နီးတဲ့ လူ........
......... . မြေကြီးနဲ့ . .နီးတဲ့ . . .. လူ

Aug
23

အချစ်စစ်ပါတဲ့ .. ...
အပြစ်ဖြစ်ရင်လဲ ဗွေမယူ
သေရာပါဒဏ်ရာတွေသာ
ယူသွားမဲ့လူပါ...
အိပ်မက်ထဲမှာတောင် .
မနမ်းဝံ့တဲ့
ထိုက်သူသာ ပန်ရမယ့် ပန်း
မိုက်သူငါ မလှမ်းဝံ့လို့
ရင်နဲ့မဆံ့တဲ့ အလွမ်းတွေ ကိုသာ..
ငါလေ.. ......

..........ပိုက်ယူကာ..

ပြန်ခဲ့တယ်......

Aug
23

တခါတရံမှာ မင်းက . .
Cappuccino . . . . . . .
အပေါ်ရံ ပာန်ဆောင်ဖန်းတီးမှုတွေနဲ့
ခံစားပျော်ဝင် . . . . . . . .
တဘ၀လုံးကို ၀ါးမျိုလိုက်ဖို့
အသင့်ရှိနေတယ်..

တခါတရံမှာ မင်းက. .
Esspresso . . . . . . . .
တခဏလေးး ထိတွေ့ရုံနဲ့တင်
ငါ့ရဲ့အိပ်မက်တွေ ထိ
ခါးသက် နစ်မျောသွားစေဖို့
လုံလောက်တယ်လေ . . . .

တခါတရံမှာတော့ မင်းက . .
Mocha တခွက် ပါ . . . . . . . .
အပျင်းပြေ အပျော်ချစ်ခဲ့ပေမယ့်
ငါ့ ကိုယ်တိုင် မသိလိုက်ခင်မှာတင်
ညှိ့ငင်ဖမ်းစား . . .မင်းကို ငါ . . .
စွဲလမ်းခဲ့ ပြီ. . . . . .

တခါတရံတွေ နဲ့
ကြာဖန်များလာတော့လည်းး
မင်းက ငါ့ရင်ခုန်သံတွေထိ
ဆိမ့်ဝင် ခါးသက် . . . . . .
တခဏလေး ဝေးရုံနဲ့တင်
တဘ၀လုံး ဆွေးတတ်ခဲ့ပါပြီ . .
ကော်ဖီမလေးး ရယ် . . .. . ..

Aug
23

ဘ၀တွေပါ ......... . .
မိုးထဲရေထဲ ရောက်နေခဲ့ တာ ကြာပေါ့
အမြဲလိုလို .. .
အကျိုးမဲ့ နေခဲ့
ဆိုးခဲ့ ပေခဲ့ မိတာ
အချစ်တခု အတွက်နဲ့ . .
ရူးမိုက် . လောက ကို
ဒူး နဲ့တိုက်ချင်ခဲ့တဲ့ . .ကောင် လေ . . .


အော် ... ကောင်မလေးး ရယ်.. . .
ငါ့ နှလုံးသား တခုလုံး ခါးသက်ခဲ့မှ တော့

စကားလုံးတွေက ဘယ်ချိုမြိန် ပါ့ မလဲ ပာာာ . . .

အိမ်မက်တခုလုံး ပုပ်သိုးးးခံ ခဲ့ရတဲ့ ကောင်ရဲ့
စိတ်ဓါတ် ဒဏ်ရာတွေပါ ...
မင်း အတွက် .. . .
အရာရာ သိပ်ခက်နေရင် လဲ
အိပ်မက်ထဲ မှာတောင်
ပြန်မလာ နဲ့ ကွာ
အဝေးကို သာ . . .
ထွက် . သွားး .. .လိုက် ပါ တော့ . .
ငါ့ နှလုံးသား ငါ
နားလည်ခြင်းတွေ နဲ့ပဲ
ကုစား လိုက်ပါ့မယ်
............ . . . ...
ငါ့ ကိုးကွယ်တဲ့ ငါ့ရဲ့ လမင်း .
ကွယ်ပျောက်သွားပါစေ တော့
. . ငါ့ ဘ၀ရဲ့ ပျော်ရွှင်ခြင်းတွေ အကုန် .
မင်း ရှေ့မှောက် . . အရောက် ..
. .
ပို့ လိုက် . .မယ် .

......................................................................................................................................................................................

Aug
23

ငါ့ဘ၀ အိပ်မက်တွေကို အသက်သွင်း
ငါ၏ချစ်ခြင်းတွေကို
တောက်ပစေမယ့်
အလင်းရောင်ဖြာဆင်း
နေမင်းရဲ့ သမီးတော်
မနက်ခင်းတိုင်းကို လှပစေဖို့
ချစ်ခြင်းဖွဲ့ စာမျက်နှာတွေ နောက်က
မလွဲမသွေ ကျရောက်လာမယ့်
အနာဂတ်တခုအတွက်
မျှော်လင့်ချက်တို့ရဲ့ သခင်

ဒီလောက်ယိုယွင်းနေတဲ့
တံတိုင်းပျက် မြို့ရိုးထဲက ကောင်ကိုမှ
အကြင်နာတွေ ပြိုဆင်း ဝေဒနာမဲ့ချစ်ခြင်းတွေ
ပေးဆပ် အပ်နှင်းခဲ့တဲ့
ပထမဆုံးတွေ အတွက်
ကျေးဇူးပါ သခင်

သခင် အနားရောက်ဖို့
အသူရာချောက်လည်း ငါမကြောက်
စေတန်နတ်မင်းနဲ့ စစ်ခင်းရပါစေ
သခင်စေစါး တဲ့ ဘ၀မှာ
အသက်ကိုပင် အပ်လို့
အမှုတော်ထမ်းပါ့မယ်.....

အို.. . .

စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အိပ်မက်တို့ရဲ့သခင်.. . .

ငါ၏ နှလုံးသွေး များစီးဆင်းနေတဲ့အချိန်တိုင်း
ငါ၏ စိတ်ဓါတ်တို့ မယိုင်လဲဖို့
သခင် အပါးမှာ ခစား
သခင် ခြေရင်းမှာ ၀ပ်ဆင်းလို့
သခင် သွားရာနောက် ဖ၀ါး ထပ်လို့သာ
လိုက်ပါရစေတော့ .... . .

Aug
23

ဘ၀မှာ စိတ်ဓါတ်ကျစရာတွေများလို့
တခါတလေ...မေ့ပျောက်ထားချင်ပေမယ့်
တစ္ဆေခြောက်သလို နောက်ကကပ်
နှောင့်ယှက်နေတော့...
အိပ်ပျက်ညတွေသာများလာတယ်
ဒီမှာ...ငါ့စိတ်ဓါတ်တွေက
အောက်ဆုံးမှာ...အမြဲ....ပါပဲ
ကြယ်ရောင်တောင်မလင်းတဲ့ညတွေမို့
အရောင်တွေမဲ့..အမှောင်တွေခင်းကျင်းထားလို့
ငါ...တယောက်တည်း...
မပျင်းမရိ... အခုထိကို......
အမှားတွေမဆုံး......မှားနေတုန်းပဲလေ....
ကြုံတွေ့ရတဲ့ ပြသာနာတွေကလည်း
တခါတလေ...သိပ်ခက်လွန်းလို့
အားတွေကုန်...
ဘယ်ဘ၀ ဘယ်ဝဋ်ကြွေးတွေနဲ့
အဆိုးတွေက ဒီလောက်များနေတာလဲ..
မေးချင်တယ်.........
သေခြင်းနဲ့ ရှင်ခြင်းကြားက .......
...မသိကိန်းတွေကို...
ဖြေသူရှိရင် သိချင်ပါသေးတယ်
ဒီဘ၀မဆုံးခင် နှောက်ဆုံး ........
....အချိန်လေး ...အထိပေါ့..

Aug
23

ချစ်တယ်ဆိုတဲ့ စကားကို
အကြိမ်တစ်သန်းမင်းပြောတောင်
ငါ မယုံပါဘူး
မင်း မှာကချစ်တတ်တဲ့
နှလုံးသားမှ မရှိပဲ
ရင်ခုန်သံတွေကို
ရစရာမရှိအောင်
နင်းခြေဖျက်ဆီးခဲ့လည်း
ငါ မဖြုံပါဘူး
မင်းကိုငါ မေ့ပျောက်ရအောင်
အမုန်းတရားမှ မရှိပဲ
စိမ်းရောင်သန်းယုံကတည်းက
ရှုံးနိမ့်ခဲ့မှတော့ မင်းကိုထပ်ပြီး
မြတ်နိုးတွယ်တာနေဖို့
နှလုံးသား အပိုလည်း
ပါမလာဘူး...လေ......
ဖနောင့် တချက်ပေါက်ရုံနဲ့တင်
ငါ့ အိပ်မက်တခုလုံး မီးပာုန်းပာုန်း
တောက် ခဲ့ရတာ..
ရီဝေေ၀ မျက်ဝန်းတစုံက
ငြို့ငင်ဖမ်းစားထားလို့
ငါ့ ရင်ဘတ်တခုလုံး
စုတ်ပြတ်ပြာကျသွားပေမယ့်
စုန်းမလေးရေ..
အခုထိတော့ ... ငါ.........
ရူးမသွားသေးဘူး......ပာာ........

Aug
23

ဘ၀ တဲ့............ စကားလုံးလေးကတော့
နှစ်လုံးတည်းပါ... ဒါပေမယ့်
ခံစားချက် စစ်ပွဲတွေ များလွန်းလို့..
လဲပြိုလိုက်ကြ တာ လူတွေ
ဗုံးကြဲ သလားအောက်မေ့ ရတယ်
အတုံးအရုန်းပဲ...
စိမ်ခေါ်မှုတွေကလဲ အစုံ..
အချစ် အမုန်း.. ဆုံးရှုံးခြင်းတွေ..
သနားညှာတာခြင်း ကင်းတဲ့..
အားလုံးက.....
ရှုံးနိမ့် သူတယောက်ရဲ့ အပြုံးကိုမှ
မြင်ချင် ကြတယ်..
အလင်းရောင် အောက်မှာ
လမ်းပျောက်နေသူတွေ
စမ်းတ၀ါး နဲ့ အမြဲတမ်းကို
မှားနေ ကြရတာ
ဘ၀ တိုက်ပွဲပါတဲ့.........
အသားကိုမှ မဲကြတဲ့ ကျားရဲလို
လူတွေ...........
ဒီလောက် ..... နေ့စဉ် စိတ်ပျက်စရာ
အဖုံဖုံ ကို ကြုံနေရလည်း
လောကဓံ တရားအောက်
ဒူးမထောက်ရဖို့......
ငါတို့ မာနကို ငါတို့ ဦးခိုက်လို့
ဒီ တိုက်ပွဲကို ဆက်နွဲ ........
ကြိုးစားကြသေးတာပေါ့..............

Aug
23

စိတ်ကူးနဲ့မြင်ယောင် အမြဲကြားရတဲ့
မင်းနှုတ်ခမ်းပါးက စကားလေးကို
လွမ်းတယ်....
အိပ်မက်ထိရောက်တဲ့ရှက်သွေးလဲ့ဖြာ
သနပ်ခါးနဲ့ ပါးကွက်ကြားလေးလည်း
လွမ်းတယ်....
ရင်ခုန်လှိုက်မော ရူးသွပ်ဖူးတဲ့
ပန်းနုရောင်ပြေး နှုတ်ခမ်းလေးလည်း
လွမ်းလိုက်တာ...ပာာ......
မင်းကတော့.. ငါမသိ..ငါမရှိတဲ့ဘ၀မှာ
ငါနားမလည်တဲ့အသုံးအနှုန်းတွေနဲ့ပျော်
ငါ့ကို မေ့ပေါ့.....
မင်းပြောဖူးတဲ့ စကားလိုပဲ
အချစ်ဆိုတာ ချစ်နေယုံ နဲ့မှ
မပြည့်စုံပဲလေ.. ပာုတ်တာပေါ့
မင်းဦးနှောက်နဲ့ နှလုံးသား
တထပ်တည်းကျတဲ့ နေ့မှ..
ငါ့ ရင်ခုန်သံ အိပ်မက် တွေ
အသက်ဝင်မယ် ဆိုတာလည်း
ငါ သိတာပေါ့.........
အခုတော့..... တကယ်ကို...
ပြီးဆုံးသွားပြီဆိုတဲ့ ဇာတ်လမ်းကိုမှ
ရင်ခုန်သံအကြွင်းအကျန် နဲ့
အသက်ဆက် မျှော်လင့်နေတဲ့...
ငါ့နှလုံးသားကို ... ငါသနားတယ်...
ပုပ်ပွပောာင်းနွမ်းနေတဲ့အိပ်မက်တွေကို
အပာုတ် ထင်.....
သံယောဇဉ် အကပ်အသပ်လေးနဲ့
ပြန်လာမလားလို့ စောင့်နေမိတဲ့
ငါ ကိုကသုံးစားမရတဲ့ ကောင်.....
ဘယ်နှခါသေသေ.. ပျဉ်ဖိုးလည်း..
နားလည်မှာ မပာုတ်ပါဘူး
ဒီလောက်ထိ.....
ရက်ရက်စက်စက်
မင်း လုပ်ရက်ခဲ့တာတောင်
စုတ်ပြတ်သတ်နေတဲ့
ငါ့ နှလုံးသားက... မင်းအချစ်တစက်ကို
ငတ်မွတ်တောင့်တ လွန်းလို့
အကြင်နာ မျက်ဝန်းနက်က
အကြည့် တချက်ရရင်တောင်
ငါ ဆိုတဲ့ကောင်က.............
ဆယ်ခါပြန် သေအုံးမှာ....
.... သေချာတယ်........

Aug
23

တခါတလေ.........
မာန်ပာုန်ပြင်းတဲ့လောကဓံကြောင့်
ပာန်ချက်ယိုင်လို့ ပန်းတိုင်ပျောက်ပြီး
လဲပြို ခဲ့ရင်
မင်းအနား တွဲကူ လို့
ခရီးဆက် ဖို့
ငါ ရှိမယ်.....

တခါတလေ........
ရင်ခုန်သံချစ်ခြင်းအဆိပ်ပြင်းလို့
အပြစ်ကင်းတဲ့မင်းနှလုံးသား
နာကျင် ခဲ့ရင်
နှစ်သိမ့် အားပေး လို့
ပခုံးငှား ဖို့
ငါ ရှိမယ်.....

အမြဲတမ်း အတွက်
စိတ်ကူးနဲ့ လက်တွေ့
ဝန်မမျှလည်း
ရေပွက်ပမာ လူ့ဘ၀မှာ
ဖြတ်သွားလျှောက်လှမ်းဖို့
နေ၀င်ခြင်းကင်းတဲ့ချစ်ခြင်းနဲ့အတူ
ဆံဖြူသွားကျိုးအရွယ်အို ထိ...
ငါ ရှိနေမယ် ....
သူငယ်ချင်း.............

Aug
23

ပိာုး........အိပ်မက်မြစ်အလွန်ကနေ
ရူးသွပ်မိုက်မဲစွာနဲ့
မျှော်လင့်စောင့်စားဖူးတယ်
မင်းအချစ်ကိုလေ.......
ရင်ခုန်သံ အပိုင်းအစလေးများ
ပဲ့ကြွေစီးဆင်းလာမလား လို့ပါ......
တနေ့နေ့....ပေါ့လို့....
မင်းပြောခဲ့တဲ့ စကားလေး
ရင်မှာ.. ပိုက်
ကိုယ့်ကို ကိုယ်အားပေးရင်းနဲ့..
ငါ့နှလုံးသားလည်း....
မောပန်း..... နွမ်း..လှပြီ..
တကယ်ဆိုရင်
ခံစားချက်ဆိုတာက
တန်ဖိုးထားတတ်သူနဲ့မှသာ
အဖိုးထိုက်တန်တာလေ
အခုတော့.....................
အိပ်မက်မြစ်ဘေး
မှိုင်တွေငေးရင်း
နှစ်တွေ ကြာညောင်းလို့.....
ငါကိုယ်တိုင် လည်း.....
ရင်ခုန်သံအပောာင်းနဲ့အတူ
အိပ်မက်မြစ်ထဲ
ထိုးစိုက်.....လို့ ဆင်းခဲ့ပေါ့...................

Aug
23

ဖန်တီးခြင်းနဲ့ ဖျက်ဆီးခြင်းကြားမှာ
စက္ကူတရွက်ပဲ ခြားသလို....
အဲဒါ့လောက်ထိ... ပြိုပျက်ဖို့
လွယ်ကူမယ်မှန်းသိရင်...
အစကတည်းက
ငါ့ အိပ်မက်တွေကို
အသက်သွင်းခဲ့မိမှာ
မပာုတ်ဘူး............
အခုတော့
ငါ့စိတ်ကူးယဉ်အိပ်မက်...
အပိုင်းအစတွေ
ပြိုကွဲပြန့်ကြဲနေလိုက်ပုံက
မြင်ရက်စရာကို မရှိဘူး
ဒီ....မထူးတော့တဲ့ဘ၀တဲက
ရူးလောက်အောင်လွမ်းနေတဲ့
ငါ့ကို...တချက်ကလေး........
ငဲ့ကြည့်ဖော်မရရင်တောင်
အိပ်မက်အသေတွေကို
ကုတ်ကပ်ဖတ်တွယ်
အသက်ငင်နေတဲ့
ငါ့ နှလုံးသားကို...စာနာ
ထောက်ထား....ပြီး..........
မင်းကိုမေ့ဖို့.... အမုန်းခွန်အား....
ပေးသနား....ပါ..တော့..................

Aug
23


လှိုင်းလေထန်တဲ့ လောကဓံအောက်က
ရင်ခုန်သံတွေ ကြားကူးခတ်ရင်းနဲ့
ရှာခဲ့ရတာ
အကြိမ်ကြိမ်..............
အရောင်စုံတဲ့ မီးတောက်တွေကြား
ဖြတ်လျှောက်ရင်းနဲ့
စိတ်ကူးနဲ့ မျှော်မှန်းခဲ့ရတာလည်း
အခါခါ....................
သူငယ်ချင်းတွေရဲ့လှောင်ရယ်ပာားတိုက်သံ
ငါ့ရင်ကို ရိုက်ခတ်ပါများတော့လည်း
ငါ့ဘေးက ကွက်လပ်အတွက်
ငါ့ ကို ငါစိတ်ပျက်လို့
ကဲ................
မြားနတ်မောင်ရေ.........
ငါ့ရဲ့ချစ်သူ ဘယ်သူဆိုတာ
........လက်ညှိုးသာ
ထိုးပြလိုက်ပါတော့လားကွာ...........................

Aug
23


ရက်စက်လိုက်ပုံကတော့
လိပ်ပြာလွင့်မတတ်ပါပဲ
တကယ်ကို.....
ပက်စက်လွန်း...............
ဘုရင်မ အလား
ထင်မှတ်မှားမိတဲ့
ငါ့နှလုံးသားကိုမှ
အကြိမ်ကြိမ်.
ဆုတ်ဖြဲ...ဖျက်ဆီး.....
နင်းခြေရက်တယ်
ပြောင်းလဲခြင်းဆိုတဲ့ အရာကို
ခံနိင်ရည် မရှိခဲ့တဲ့
ငါလို...လူအဖို့တော့
မင်းပေးခဲ့တဲ့.......
အဆိပ် တစက်နဲ့တင်
တစ် ဘ၀ လုံး...
ခါးသက်စေဖို့
လုံလောက် ခဲ့ပါပြီ
ချစ်သူ...ရယ်................................

Aug
23

နတ်ဆိုးတကောင် ဖန်ဆင်းထားတဲ့
ညအလား....
ငါ့ရင်ဘတ် တခုလုံး
မှောင်မိုက်........
.................တိတ်ဆိတ်
ကိုးကွယ်ရာမဲ့ နှလုံးသားမှာ
ဒဏ်ရာ အပြည့်နဲ့ အမုန်းများသာ ...
နောက်ဆုံး ကြေကွဲစွာ ...
...................ကျန်ရစ်
ကံကြမ္မာလှည့်ကွက် တချက်နဲ့တင်
ဒူးထောက်ကျရှုံး
ငါ့ကိုငါ တောင်
ပြန်ရှာ မတွေ့နိုင်လောက်အောင်
ပျောက်ဆုံးခဲ့ မှတော့.............
ရင်ခွင်မဲ့ အလွမ်းတွေကို
ငါဘယ်မှာ ........
......... သိမ်းဆည်းထားရမှာလဲ
ချစ်သူ...ရယ် . . . ....

Aug
23

နေ့တိုင်းလျှောက်တဲ့ လမ်းတွေလောက်
လွယ်ကူခဲ့ရင် ကောင်းမယ်
အ ခု တော့ ............
မင်းအနားရောက်တိုင်း ငါ့ရင်ခုန်သံတွေ
မြေမြုပ်ခဲ့ရတာ
အကြိမ်ကြိမ်

မင်းနူတ်ခမ်းက တီးတိုးညည်းတဲ့ သီချင်းလောက်
ဆိုရင် ကောင်းမယ်
အ ခု တော့............
မင်းရှေ့ရောက်တိုင်း ငါ့နှလုံးသား
သံစဉ် တွေက
ပေါက်ကွဲမတက်

ကြယ်ရောင်သာခတဲ့ လမိုက်ညတွေလို
အလင်းတခက်ဆို ကောင်းမယ်
အ ခု တော့ ..........
မင်းဖြတ်လျှောက်တိုင်း
ငါ့မျက်လုံးတွေ
မီးတောက်

ဒီ လို နဲ့ ပဲ. . .
အ..ခု... တော့.....................

အံ့သြတွေဝေ ငါ့ကိုငါ မုန်းတီး ကြေကွဲ
မပြောဖြစ်တဲ့ စကားတခွန်း
လေနဲ့ အတူလွင့်စဉ်ပျောက်ပျက်

မင်းမသိ ခဲ့တဲ့ ငါ...............

ငါ့ နှလုံးသား စည်းချက်တွေအတိုင်း
မင်းကို.. .
.......
လွမ်း တယ် ..

Aug
23

ဘ၀ အရောင်တွေက
မိုက်မှောင်နေတဲ့ အချိန်မှာ
ငါ့အနားက အလင်းတစက်အဖြစ်
လင်းလက်ခဲ့သူ

အချစ် အရောင်တွေက
တောက်လောင်နေတဲ့ကြား
ငါ့အတ္တတခုအတွက်နဲ့ နင့်ကိုငါ
မနင်းရက်ခဲ့ဘူး

မာန အရောင်တွေကမှား
နားလည်မူတွေမရှိတော့တဲ့အခါ
ငါ့အနားကထွက်ခွာချင်တော့လဲ
မငြင်းရက်ခဲ့ဘူး

နင်မရှိရင် အနေခက်တဲ့ ငါ
နင်မပျော်တက်ခဲ့တဲ့
ငါ့ဘ၀ထဲ ကိုလည်း
နောက်တခေါက်
မခေါ်ရက်ခဲ့ပါဘူး

ဘာပဲဖြစ်ဖြစ်လေ . . .

နင့်အတွက်နဲ့ငါ ...
ငိုတတ်ခဲ့ရသူပါ။