နတ်ဆိုးတကောင် ဖန်ဆင်းထားတဲ့
ညအလား....
ငါ့ရင်ဘတ် တခုလုံး
မှောင်မိုက်........
.................တိတ်ဆိတ်
ကိုးကွယ်ရာမဲ့ နှလုံးသားမှာ
ဒဏ်ရာ အပြည့်နဲ့ အမုန်းများသာ ...
နောက်ဆုံး ကြေကွဲစွာ ...
...................ကျန်ရစ်
ကံကြမ္မာလှည့်ကွက် တချက်နဲ့တင်
ဒူးထောက်ကျရှုံး
ငါ့ကိုငါ တောင်
ပြန်ရှာ မတွေ့နိုင်လောက်အောင်
ပျောက်ဆုံးခဲ့ မှတော့.............
ရင်ခွင်မဲ့ အလွမ်းတွေကို
ငါဘယ်မှာ ........
......... သိမ်းဆည်းထားရမှာလဲ
ချစ်သူ...ရယ် . . . ....
9 YEARS OF YOU.....
11 hours ago
0 comments:
Post a Comment