စိတ်ကူးနဲ့မြင်ယောင် အမြဲကြားရတဲ့
မင်းနှုတ်ခမ်းပါးက စကားလေးကို
လွမ်းတယ်....
အိပ်မက်ထိရောက်တဲ့ရှက်သွေးလဲ့ဖြာ
သနပ်ခါးနဲ့ ပါးကွက်ကြားလေးလည်း
လွမ်းတယ်....
ရင်ခုန်လှိုက်မော ရူးသွပ်ဖူးတဲ့
ပန်းနုရောင်ပြေး နှုတ်ခမ်းလေးလည်း
လွမ်းလိုက်တာ...ပာာ......
မင်းကတော့.. ငါမသိ..ငါမရှိတဲ့ဘ၀မှာ
ငါနားမလည်တဲ့အသုံးအနှုန်းတွေနဲ့ပျော်
ငါ့ကို မေ့ပေါ့.....
မင်းပြောဖူးတဲ့ စကားလိုပဲ
အချစ်ဆိုတာ ချစ်နေယုံ နဲ့မှ
မပြည့်စုံပဲလေ.. ပာုတ်တာပေါ့
မင်းဦးနှောက်နဲ့ နှလုံးသား
တထပ်တည်းကျတဲ့ နေ့မှ..
ငါ့ ရင်ခုန်သံ အိပ်မက် တွေ
အသက်ဝင်မယ် ဆိုတာလည်း
ငါ သိတာပေါ့.........
အခုတော့..... တကယ်ကို...
ပြီးဆုံးသွားပြီဆိုတဲ့ ဇာတ်လမ်းကိုမှ
ရင်ခုန်သံအကြွင်းအကျန် နဲ့
အသက်ဆက် မျှော်လင့်နေတဲ့...
ငါ့နှလုံးသားကို ... ငါသနားတယ်...
ပုပ်ပွပောာင်းနွမ်းနေတဲ့အိပ်မက်တွေကို
အပာုတ် ထင်.....
သံယောဇဉ် အကပ်အသပ်လေးနဲ့
ပြန်လာမလားလို့ စောင့်နေမိတဲ့
ငါ ကိုကသုံးစားမရတဲ့ ကောင်.....
ဘယ်နှခါသေသေ.. ပျဉ်ဖိုးလည်း..
နားလည်မှာ မပာုတ်ပါဘူး
ဒီလောက်ထိ.....
ရက်ရက်စက်စက်
မင်း လုပ်ရက်ခဲ့တာတောင်
စုတ်ပြတ်သတ်နေတဲ့
ငါ့ နှလုံးသားက... မင်းအချစ်တစက်ကို
ငတ်မွတ်တောင့်တ လွန်းလို့
အကြင်နာ မျက်ဝန်းနက်က
အကြည့် တချက်ရရင်တောင်
ငါ ဆိုတဲ့ကောင်က.............
ဆယ်ခါပြန် သေအုံးမှာ....
.... သေချာတယ်........
9 YEARS OF YOU.....
10 hours ago
0 comments:
Post a Comment