ခိုညည်းးသံလောက်မှ
- - -မသာယာတဲ့
စကားးလုံးတွေနဲ့
ငါ့ ရင်ခွင် မှာ
ခဏ ခဏ - - -
ခို ပြီးး ပြန်တယ်

မကြိုဆို ပေမယ့်
မနှင်လိုတဲ့ ငါ့ကို
သိပ် ပိုပြီး ကြံစရာ
မလိုပါဘူးး - - -
ဒီတိုင်းလည်း ငါ့ဘ၀က
ပြိုပြီးး ကျန်ခဲ့မှာပါ

အပျင်းးပြေ - - -
ပျော်တော်ဆက် ဖို့
နင် လိုတဲ့ အချိန်ကလွဲရင်
ငါ ဆိုတဲ့ ကောင်က
မင်း အတွက် အမြဲ - - -
လူပိုကြီးး ဆန်တယ်

ဒီတခါ တော့ - - -
မာယာချို ကြီးတွေ
ပန် ပြီးး ငါ့ဘ၀ ထဲ
ငို ပြီးး ပြန်မချွဲ နဲ့
နင့် မြင်ရင် ငါ
ပို ပြီးး အော်ဂလီဆန်တယ်

ဆားငန်ရေတစက်ကိုမှ
သိပ်မက် မိတဲ့
နှလုံးးသား ပြစ်ဒဏ်ကို
ငါလည်းး
- - - ဒီတသက်
ရင်ကော့ပြီးး ခံရမှာပဲ

ငါဘ၀ရဲ့ - - -
ဒဏ်ရာ နက်နက် တွေ
ပြန် မကျက်ခဲ့ရင်တောင်မှ

ရင်ခွင် အကူးကောင်းတဲ့
မင်းး တယောက်
- - - အဖော်မဲ့
တစ် ဘ၀လုံးစာ
ငို ပြီးး ပြန်ခဲ့ရမယ့်
နေ့ ရက်တွေ မရှိစေဖို့
ငါ တယောက်ထဲ
ဆုတောင်း ပြီးး ကျန်ခဲ့မယ်

- - - - - - - - - -

4 comments:

ဒီကဗျာတစ်ပုဒ်ထဲ ကိုမဟုတ်ဘူးနော်...
ဒီ blog တစ်ခုလုံးကို ကြိုဆိုပါတယ်...
အားလုံးလဲဖတ်ပြီးပါပြီ...
စိတ်ကူးအသစ်တွေနဲ့..ထာဝစဉ်..ရှင်သန်သွားနိုင်ပါစေ...

အိုခေသွားပြီ .....
အထက်ကပြောသလိုပဲပေါ့ .... အမြဲတမ်း လန်းနိုင်ပါစေဗျာ ....

မင်းနေဝေး :D

ဟုတ်တယ်။ ကဗျာလေးတွေ အားလုံးနီးပါးကြိုက်တယ်။ =)
ဒီကဗျာလေးက အပိုဒ်အဆုံးသတ်လေးတွေလည်း နှစ်သက်မိပါတယ်။

မောင်လေး ခံစားချက်တွေ သိပ်ပြင်းထန်နေတယ်
ဒါကဗျာကောင်းစာကောင်းတစ်ပုဒ်ရဖို့ ရင်နဲ့ရင်းလိုက်ရတဲ့ ကုန်ကြမ်းတွေပါ
အားပေးနေပါတယ် ဆက်ကြိုးစားနော်

Post a Comment