နေ့တိုင်းလျှောက်တဲ့ လမ်းတွေလောက်
လွယ်ကူခဲ့ရင် ကောင်းမယ်
အ ခု တော့ ............
မင်းအနားရောက်တိုင်း ငါ့ရင်ခုန်သံတွေ
မြေမြုပ်ခဲ့ရတာ
အကြိမ်ကြိမ်

မင်းနူတ်ခမ်းက တီးတိုးညည်းတဲ့ သီချင်းလောက်
ဆိုရင် ကောင်းမယ်
အ ခု တော့............
မင်းရှေ့ရောက်တိုင်း ငါ့နှလုံးသား
သံစဉ် တွေက
ပေါက်ကွဲမတက်

ကြယ်ရောင်သာခတဲ့ လမိုက်ညတွေလို
အလင်းတခက်ဆို ကောင်းမယ်
အ ခု တော့ ..........
မင်းဖြတ်လျှောက်တိုင်း
ငါ့မျက်လုံးတွေ
မီးတောက်

ဒီ လို နဲ့ ပဲ. . .
အ..ခု... တော့.....................

အံ့သြတွေဝေ ငါ့ကိုငါ မုန်းတီး ကြေကွဲ
မပြောဖြစ်တဲ့ စကားတခွန်း
လေနဲ့ အတူလွင့်စဉ်ပျောက်ပျက်

မင်းမသိ ခဲ့တဲ့ ငါ...............

ငါ့ နှလုံးသား စည်းချက်တွေအတိုင်း
မင်းကို.. .
.......
လွမ်း တယ် ..

0 comments:

Post a Comment