တခါတလေ.........
မာန်ပာုန်ပြင်းတဲ့လောကဓံကြောင့်
ပာန်ချက်ယိုင်လို့ ပန်းတိုင်ပျောက်ပြီး
လဲပြို ခဲ့ရင်
မင်းအနား တွဲကူ လို့
ခရီးဆက် ဖို့
ငါ ရှိမယ်.....

တခါတလေ........
ရင်ခုန်သံချစ်ခြင်းအဆိပ်ပြင်းလို့
အပြစ်ကင်းတဲ့မင်းနှလုံးသား
နာကျင် ခဲ့ရင်
နှစ်သိမ့် အားပေး လို့
ပခုံးငှား ဖို့
ငါ ရှိမယ်.....

အမြဲတမ်း အတွက်
စိတ်ကူးနဲ့ လက်တွေ့
ဝန်မမျှလည်း
ရေပွက်ပမာ လူ့ဘ၀မှာ
ဖြတ်သွားလျှောက်လှမ်းဖို့
နေ၀င်ခြင်းကင်းတဲ့ချစ်ခြင်းနဲ့အတူ
ဆံဖြူသွားကျိုးအရွယ်အို ထိ...
ငါ ရှိနေမယ် ....
သူငယ်ချင်း.............

0 comments:

Post a Comment