ဘ၀ တဲ့............ စကားလုံးလေးကတော့
နှစ်လုံးတည်းပါ... ဒါပေမယ့်
ခံစားချက် စစ်ပွဲတွေ များလွန်းလို့..
လဲပြိုလိုက်ကြ တာ လူတွေ
ဗုံးကြဲ သလားအောက်မေ့ ရတယ်
အတုံးအရုန်းပဲ...
စိမ်ခေါ်မှုတွေကလဲ အစုံ..
အချစ် အမုန်း.. ဆုံးရှုံးခြင်းတွေ..
သနားညှာတာခြင်း ကင်းတဲ့..
အားလုံးက.....
ရှုံးနိမ့် သူတယောက်ရဲ့ အပြုံးကိုမှ
မြင်ချင် ကြတယ်..
အလင်းရောင် အောက်မှာ
လမ်းပျောက်နေသူတွေ
စမ်းတ၀ါး နဲ့ အမြဲတမ်းကို
မှားနေ ကြရတာ
ဘ၀ တိုက်ပွဲပါတဲ့.........
အသားကိုမှ မဲကြတဲ့ ကျားရဲလို
လူတွေ...........
ဒီလောက် ..... နေ့စဉ် စိတ်ပျက်စရာ
အဖုံဖုံ ကို ကြုံနေရလည်း
လောကဓံ တရားအောက်
ဒူးမထောက်ရဖို့......
ငါတို့ မာနကို ငါတို့ ဦးခိုက်လို့
ဒီ တိုက်ပွဲကို ဆက်နွဲ ........
ကြိုးစားကြသေးတာပေါ့..............
9 YEARS OF YOU.....
10 hours ago
0 comments:
Post a Comment