ရက်စက်လိုက်ပုံကတော့
လိပ်ပြာလွင့်မတတ်ပါပဲ
တကယ်ကို.....
ပက်စက်လွန်း...............
ဘုရင်မ အလား
ထင်မှတ်မှားမိတဲ့
ငါ့နှလုံးသားကိုမှ
အကြိမ်ကြိမ်.
ဆုတ်ဖြဲ...ဖျက်ဆီး.....
နင်းခြေရက်တယ်
ပြောင်းလဲခြင်းဆိုတဲ့ အရာကို
ခံနိင်ရည် မရှိခဲ့တဲ့
ငါလို...လူအဖို့တော့
မင်းပေးခဲ့တဲ့.......
အဆိပ် တစက်နဲ့တင်
တစ် ဘ၀ လုံး...
ခါးသက်စေဖို့
လုံလောက် ခဲ့ပါပြီ
ချစ်သူ...ရယ်................................

0 comments:

Post a Comment