ငါ့ဘ၀ အိပ်မက်တွေကို အသက်သွင်း
ငါ၏ချစ်ခြင်းတွေကို
တောက်ပစေမယ့်
အလင်းရောင်ဖြာဆင်း
နေမင်းရဲ့ သမီးတော်
မနက်ခင်းတိုင်းကို လှပစေဖို့
ချစ်ခြင်းဖွဲ့ စာမျက်နှာတွေ နောက်က
မလွဲမသွေ ကျရောက်လာမယ့်
အနာဂတ်တခုအတွက်
မျှော်လင့်ချက်တို့ရဲ့ သခင်

ဒီလောက်ယိုယွင်းနေတဲ့
တံတိုင်းပျက် မြို့ရိုးထဲက ကောင်ကိုမှ
အကြင်နာတွေ ပြိုဆင်း ဝေဒနာမဲ့ချစ်ခြင်းတွေ
ပေးဆပ် အပ်နှင်းခဲ့တဲ့
ပထမဆုံးတွေ အတွက်
ကျေးဇူးပါ သခင်

သခင် အနားရောက်ဖို့
အသူရာချောက်လည်း ငါမကြောက်
စေတန်နတ်မင်းနဲ့ စစ်ခင်းရပါစေ
သခင်စေစါး တဲ့ ဘ၀မှာ
အသက်ကိုပင် အပ်လို့
အမှုတော်ထမ်းပါ့မယ်.....

အို.. . .

စိတ်ကူးနဲ့ ရူးခဲ့ရတဲ့အိပ်မက်တို့ရဲ့သခင်.. . .

ငါ၏ နှလုံးသွေး များစီးဆင်းနေတဲ့အချိန်တိုင်း
ငါ၏ စိတ်ဓါတ်တို့ မယိုင်လဲဖို့
သခင် အပါးမှာ ခစား
သခင် ခြေရင်းမှာ ၀ပ်ဆင်းလို့
သခင် သွားရာနောက် ဖ၀ါး ထပ်လို့သာ
လိုက်ပါရစေတော့ .... . .

0 comments:

Post a Comment